မဟာမဲခေါင်ဒေသ ရိုးရာယဉ်ကျေးမှုအမွေအနှစ် ဥပဒေရေးရာလေ့လာခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တိုယာမစီရင်စု (Toyama Prefecture)တွင် ကျင်းပခဲ့သည်။

“မဟာမဲခေါင်ဒေသ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဥပဒေရေးရာ လေ့လာခြင်းနှင့် ပတ် သက်သော IRCI၏ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ”ကို 2015 ခုနှစ် ဒီဇင်ဘာလ 17 မှ 19 အထိ တိုယာမစီရင်စု၊ တိုယာမမြို့(Toyama Prefectural Civic Center in Toyama City)ပြည်သူ့စင်တာတွင် ကျင်းပခဲ့ပြီး၊ နိုင်ငံပေါင်း 8 နိုင်ငံမှ ပညာရှင် 23 ဦးတက်ရောက်ခဲ့သည်။
မဟာမဲခေါင်ဒေသ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဥပဒေရေးရာလေ့လာမှုသည် 2014-က2015 ဘဏ္ဍာနှစ်တွင် စတင်ကျင့်သုံးနိုင်ရန် IRCI မှ လုပ်ဆောင်လျက်ရှိသော သုတေသန စီမံကိန်း တစ်ခု ဖြစ်သည်။ ICH ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေရေးရာမူဘောင်များမှာ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေး ဝန်ကျင်းအမျိုးစုံရှိသော မဲခေါင်ဒေသရှိ နိုင်ငံအများတွင် ဖွံ့ဖြိုးလာစေရန် လုပ်ဆောင်ရဦးမည်။ ယင်းနိုင်ငံများရှိ ဒေသခံကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်းကာ မြေပြင်စစ်တမ်း ကောက်ယူခြင်း၊ အစိုးရ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံမေးမြန်းရရှိသော အချက်အလက်များကို ကောက်ခံဆန်းစစ် ကာယင်းနိုင်ငံများအတွက် လက်တွေ့အကျိုးရှိသော ထိရောက်သည့် ဥပဒေမူဘောင် များ ပေါ်ပေါက်လာစေရန် စီမံကိန်းအနေဖြင့်ရည်ရွယ်သည်။
IRCI နှင့်အတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ကျူးရှုးတက္ကသိုလ်နှင့်အခြားအဖွဲ့အစည်းများမှ သုတေသီများမှ လွန်ခဲ့သော ဇွန်လတွင် စစ်တမ်းမေးခွန်းများကို ပုံစံချရေးထုတ်ခဲ့ကြပြီး၊ ၄င်းတို့ကို မဲခေါင် ဒေသ နိုင်ငံများသို့ ဖြန့်ဝေပေးခဲ့သည်။ ယင်းနောက်ပိုင်းတွင် IRCI မှ ပညာရှင် 2 ဦးကို မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံများသို့ အသေးစိတ်အချက်အလက်များ ပိုမိုရရှိနိုင်ဖို့အတွက် လွန်ခဲ့သော နိုဝင်ဘာလတွင် စေ လွှတ်ခဲ့သည်။ တိုယာမ အလုပ်ရုံဆွေးနွေးပွဲသည် ယခုစီမံကိန်း မြေပြင်စစ်တမ်း ကောက်ယူခဲ့သည့် ပညာ ရှင် များနှင့် စီမံကိန်းဦးတည်ထားသော မဲခေါင်ဒေသတွင်းရှိနိုင်ငံများ၏ အစိုးရတာဝန်ရှိသူများ၊ အလားတူ တက္ကသိုလ် သုတေသီတို့ တစ်ဦးနှင့်တစ်ဦး ရလဒ်အသစ်များကို အတူတကွ ဆွေးနွေး ဖလှယ်နိုင်သည့် အကျိုးကျေးဇူးတစ်ခုကို ရရှိစေခဲ့သည်။ စီမံကိန်း၏နောက်ဆုံးပန်းတိုင်မှာ နိုင်ငံအဆင့်နှင့် ဒေသ အဆင့်အ လိုက် ဥပဒေရေးရာစနစ် ဖွံ့ဖြိုးလာစေရန် အထောက်အကူပြု ပေးနိုင်သည့် လက်နက်တဖွယ် ရည်ရွယ် သည်။ တိုယာမ အလုပ်ရုံဆွေးနွေးပွဲသည် စီမံကိန်းမှချမှတ်ထားသော ပန်းတိုင်သို့ ဦးတည်စေမည့် အခြေခံ ဆွေးနွေးဖလှယ်မှုကိုဖြစ်ပေါ်စေခဲ့သည့်အတွက် အောင်မြင်သည့်ဆွေးနွေးပွဲ တစ်ခုဖြစ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်လည်း တိုယာမစီရင်စု၊ တိုယာမမြို့ရှိ ဒေသဆိုင်ရာ ICH ထိန်းသိမ်း စောင့်ရှောက်မှုစနစ်အကြောင်း ဟောပြောမှုအပိုင်းတွင် ပါဝင်နိုင်ခဲ့သည်အထိ ရိုးရာလက်မှုလုပ်ငန်းကို ပြန် လည်ရှင်သန်စေသည့် အလေ့အကျင့်ကောင်းများ ရှိနေသည့် တိုယာမ စီရင်စုရဲ့ ပူးပေါင်း ဆောင်ရွက်မှု တို့ပါဝင်သည်။ အလုပ်ရုံဆွေးနွေးပွဲမှနေပြီး ဒေသခံလက်မှုအနုပညာရှင်များကို လူတွေ့မေးမြန်းနိုင်ရန် တာကအိုကမြို့ လက်မှုအနုပညာစတူဒီယိုသို့ သွားရောက်လည်ပတ်ရန်အတွက် အခွင့်အရေးများကို ရရှိ စေခဲ့သည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ သီရိလင်္ကာနိုင်ငံအမျိုးသားလက်မှုပညာကောင်စီမှ ကျွမ်းကျင်သူ 2 ဦးနှင့် ဂျက်ဖ်နာ (Jaffna)ကဲ့သို့သော ပြဿနာဖြစ်ပွားနေသည့် ဒေသများမှ အမျိုးသမီး လက်မှု အနုပညာရှင် 2 ဦးတို့ ပူးပေါင်းပါဝင်ခဲ့သည်။ ၄င်းတို့သည် ပြဿနာဖြစ်သွားခဲ့သော ပြည်နယ်များ (သီရိလင်္ကာ)ရှိ ပျောက်ကွယ်လုဖြစ်နေသော ရိုးရာလက်မှုပညာများဆိုင်ရာ သုတေသန ခေါင်းစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော IRCI၏အခြားစီမံကိန်းတစ်ခုတွင်လည်း ပူးပေါင်းဆောင်ရွက်နေကြသူများ ဖြစ်ကြ သည်။ သီရီလင်္ကာတွင် လက်မှုပညာများပြန်လည်ရှင်သန်ပေါက်ပွားလာရေး လက်တွေ့ အစီအမံများနှင့် ဈေးကွက်ရှာဖွေခြင်းမဟာဗျူဟာများကို IRCI မှ ယင်းသီရိလင်္ကာအဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ ကြသည်။

အခြားသိလိုသည်များကို မစ္စ အိုနူခိ မာစကို (Ms Misako Ohnuki -IRCI)နှင့်ဆက်သွယ်ပါ။.

Yoko Sakai from Toyama Prefectural Board of Education, and Ichiro Miyazaki from commerce, Industry and Labor Department

Ms Yoko Sakai တိုယာမ စီရင်စု ပညာရေးဘုတ်အဖွဲ့၊ နှင့် Mr Ichiro Miyazaki စီးပွားရေး၊ စက်မှုနှင့် အလုပ်သမားဌာန

Katsuji Nousaku talks about the revitalization of traditional craft production

Mr Katsuji Nausaku မှ ရိုးရာလက်မှုပစ္စည်းထုတ်လုပ်မှု ပြန်လည်ရှင်သန်ခြင်းအကြောင်း ပြောကြားသည်။

Yoshinori and Takeshi Musashigawa lecture the techniques of lacquer ware in Takaoka

 Mr Yoshinori Musashigawa နှင့် Mr Takeshi Musashigawa မှ Takaoka မြို့ ယွန်းထည်ပညာ အကြောင်း ဟောပြောပို့ချသည်။

ကျွမ်းကျင်ပညာရှင်များမှ လက်မှုပညာစတူဒီယိုခရီးစဉ်တွင် လက်မှု ပညာရှင်များကို မေးခွန်းများ မေးမြန်း ကြသည်။

ကျွမ်းကျင်ပညာရှင်များမှ လက်မှုပညာစတူဒီယိုခရီးစဉ်တွင် လက်မှု ပညာရှင်များကို မေးခွန်းများ မေးမြန်း ကြသည်။